မိုးပြာဂိုဏ်းအား အဓမ္မ၀ါဒအဖြစ် ဆုံးဖြတ်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က ဖွဲ့စည်းပေးအပ်သော နိုင်ငံတော် သီးခြား ၀ိနည်းဓိုရ် အဖွဲ့ အမှတ် (၁၇။ ၂၀၁၁) က ရှင်ဉာဏ ဦးဆောင်သော မိုးပြာဂိုဏ်းသားတို့၏ အယူဝါဒအပေါ် အဓမ္မ၀ါဒများအဖြစ် ဆုံးဖြတ်ကြေညာ ခဲ့ကြောင်းအဖွဲ့၏ သတင်းထုတ်ပြန်ချက် အရသိရသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီ တွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ၊ နိုင်ငံတော် ၀ိနိစ္ဆယအဖွဲ့ရုံးတွင် မိုးပြာ ဂိုဏ်းသားတို့၏ အယူဝါဒအပေါ် ဓမ္မ-အဓမ္မ အငြင်းပွားခြင်းကို ဆွေးနွေး ဆုံးဖြတ်ခဲ့ကြသည်။

ထေရ၀ါဒဗုဒ္ဓဒေသနာတော် အဆုံးအမများကိုမလိုက်နာဘဲ အတိတ်ဘ၀၊ အနာဂတ်ဘ၀၊ ၃၁ ဘုံနှင့် သံသရာမရှိ ဟူသော ရုပ်ဝါဒအယူ ကိုယူကာ ပိဋကတ်တော်သုံးရပ်နှင့် အဋ္ဌကထာ၊ ဋီကာတို့ကို ဆန့်ကျင်ဝေဖန်ပြီး ပစ္စုပ္ပန် ကမ္မ၀ါဒကို တီထွင်ဟောကြားသော ဓမ္မ ၀ိဟာရီ အမည်ခံ ရှင်မိုးပြာ (ခေါ်) ရှင်ဉာဏ၏ ဟောပြောချက်များ၊ ရေးသားချက်များ၊ အင်တာနက်ပေါ်တွင် တင်ပြချက်များသည် အဓမ္မ၀ါဒများဖြစ်ကြောင်း နိုင်ငံတော် ၀ိနည်းဓိုရ်ဆရာ တော်ကြီးများက ဆုံးဖြတ်ခဲ့ကြသည်။

ထိုသို့ဆုံးဖြတ်တော်မူရာတွင် စောဒက ဆရာတော်များက တင်ပြထားသော စောဒကလွှာ ၅၂ ချက်နှင့်တကွ ဆုံးဖြတ်ပြီး အဓမ္မ၀ါဒ အဟောင်းများ ဖြစ်ကြသော သျှင်ဥက္ကဋ္ဌ၏ လူသေလူဖြစ်ဝါဒါနု ၀ါဒ၀ိနိစ္ဆယ၊ ဓမ္မနီတိဝါဒ၀ိနိစ္ဆယ၊ မြစ်ကြီးနား ၀ိစိတ္တသာရ၀ါဒ၀ိ နိစ္ဆယ၊ မိုးညှင်း ဦးခေမိန္ဒနှင့် ဦးဝိစိတ္တသာရ၀ါဒ ၀ိနိစ္ဆယ၊ အနုဝါဒါမိကရုဏ်း ၀ိနိစ္ဆယနှင့် ကျောက်သင်္ဘောဝါဒ၀ိနိစ္ဆယ အဓမ္မ၀ါဒ ဆုံးဖြတ် ချက်များ စာအုပ်များပါ အဓမ္မ၀ါဒများနှင့် ထပ်တူဖြစ်သော အချက် ၂၅ ချက်ကိုလည်း အဓမ္မ၀ါဒများအဖြစ် စိစစ်ကြေညာခဲ့ကြသည်ဟု သိရသည်။

နိုင်ငံတော် သီးခြားဝိနည်းဓိုရ်ဆရာတော်ကြီးများက အဆိုပါဆုံးဖြတ်ချက်ကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ထံ ဆက်ကပ် အပ်နှံခဲ့သည်။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကလည်း သံဃာတော်များ၏ ဓမ္မစက်ဖြင့်သာမက နိုင်ငံတော် အစိုးရအဖွဲ့ကလည်း အဓမ္မ၀ါဒများကို ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးရန် ထပ်ဆင့် တိုက်တွန်းပါကြောင်း ဩ၀ါဒမိန့်ကြားပြီး ဆုံးဖြတ်ချက်မှတ်တမ်းတွင် လက်မှတ် ရေးထိုးခဲ့ကြကြောင်း သိရသည်။

မြန်မာတိုင်း(မ်) ဂျာနယ်၊ အတွဲ ၂၈ ၊ အမှတ် ၅၄၆ (၂ – ၈ ၊ ၁၂ ၊ ၂၀၁၁)

ဆက်စပ်မှုရှိသည့်ဆောင်းပါး

ပစ္စုပ္ပာန်ကမ္မ၀ါဒဗုဒ္ဓဘာသာ (ခေါ်) မိုးပြာဂိုဏ်းနှင့် စပ်လျဉ်း၍ စုံစမ်းရရှိသမျှ

အာဖရိကကို ဗုဒ္ဓသာသနာ ပြန့်ပွားပြီ

အရှင်ဗုဒ္ဓရက္ခိတ တစ်ဖြစ်လဲ စတီဗင်

အာဖရိကတိုက်၊ ယူဂန်ဒါ နိုင်ငံငယ်လေးက ခရစ်ယာန်မိသားစုမှာ စတီဗင်ကို၁၉၆၆-ခုနှစ်က ဖွားမြင်ခဲ့တာပါ။ သူဟာ ငယ်ငယ်က ဘာသာတရားဆိုလို့ ခရစ်ယာန်နဲ့ အစ္စလာမ် နှစ်ခုတည်းသာ ရှိတယ်လို့ ထင်ခဲ့တာပါ။ ဆယ်ကျော်သက်အရွယ်ရောက်မှ အိန္ဒိယနိုင်ငံမှာ ဂေါတမ ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွန်းခဲ့ဖူးကြောင်းကိုနာမည်လောက်သာ ကြားဖူးခဲ့သူပါ။ အရွယ်ရောက်လာတဲ့ အခါမှာ သူဟာအိန္ဒိယနိုင်ငံကို နိုင်ငံခြားပညာသင် သွားခဲ့ပါတယ်။ အဲဒီမှာ ထိုင်းလူမျိုးရဟန်းတော် နှစ်ပါးနဲ့ ခင်မင်ခဲ့ပြီး ဗုဒ္ဓဝါဒကို အနည်းငယ် လေ့လာခွင့်ရခဲ့ပါတယ်။

Continue reading

ကျွန်တော်နားလည်သွားသောအရာ

ဇာတ်လမ်းတစ်ခု ကြားဖူးသည်မှာ အသုဘအခမ်းအနားများ၌ သေဆုံး သူ၏မိသားစုကို တရားနှင့်ဖြေဖို့ အမြဲ သြဝါဒပေးလေ့ရှိသည့် ကျောင်းထိုင် ဆရာတော်တစ်ပါးသည် တစ်နေ့သူ၏ မယ်တော် ကွယ်လွန်သွားသောအခါ ဣနြေ္ဒပျက်လောက်အောင် ရှိုက်ကြီး တငင် ငိုကြွေးသည်ဟုဆို၏။ သို့နှင့် အနီးအနားမှတကာတစ်ဦးက ဆရာ တော်အား သူများအလှည့်တွင် ကိုယ် ကဆုံးမလေ့ရှိသည့်အတိုင်း မိမိအလှည့် တွင်လည်း တရားနှင့်ဖြေဖို့ လျှောက် ကြားလေသည်။ ထိုအခါ ဆရာတော်က ငိုသံကြီးနှင့် ”ဟ ဒါကတော့ ငါ့အမေ ကိုးကွ” ဟူ၍ ပြန်ပြောလိုက်သည်ဆို၏။

Continue reading

ရွှေချိန်ခွင်စာအုပ်ပါစွပ်စွဲချက်များအပေါ် လယ်တီဆရာတော်၏ ပြန်ဖြေရှင်းချက်

အီးမေးလ်မှတစ်ဆင့်ရသည့်စာဖြစ်ပါသည်။

(လယ်တီဆရာတော်တို့ ခေတ်က ၀န်ထောက်မင်း ဦးစောလှဖြူ-ဆိုသော ခရစ်ယာန်ဘာသာဝင် တစ်ယောက်သည် ရွှေချိန်ခွင်-အမည်ရှိစာအုပ်တစ်အုပ် ထုတ်ဝေကာ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာကို နှိုင်းယှဉ်ပြခဲ့၏။
သို့ရာတွင် သူ၏ ဘက်လိုက်သော အမြင်များ၊အလျင်စလို ကောက်ချက်ချမှုများေ ကြာင့် ဗုဒ္ဓဘာသာဝင်တို့အား စော်ကားထားသလို ဖြစ်ခဲ့၏။
ထို့ကြောင့် မန္တလေးမြို့နေ ပညာဝန်ထောက် မောင်ကျော်ရန်ဆိုသူက ၎င်းရွှေချိန်ခွင်စာအုပ်ကို ရှင်းလင်းချက် ရေးပေးပါရန်လယ်တီဆရာတော်ထံ တောင်းပန်သဖြင့်

“ရဟန်းတို့ သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ တရား၏ အပြစ်ကိုဖြစ်စေ သံဃာ၏ အပြစ်ကိုဖြစ်စေ ပြောကြရာ၌
“ဤစကားသည် ဤအကြောင်းကြောင့်လည်း မဟုတ်၊ ဤအကြောင်းကြောင့် လည်း မမှန်၊ စင်စစ်အားဖြင့် ဤအပြစ်သည် ငါတို့၌ ထင်ရှားမရှိ” ဟု မဟုတ်သည်ကို မဟုတ်သည့်အတိုင်း သင်တို့ ဖြေရှင်းကြရမည်”
(ဗြဟ္မဇာလသုတ်)
..ဟူသော ဘုရားရှင်၏ သြ၀ါဒတော်အတိုင်း လယ်တီဆရာတော် ဘုရားကြီးသည် နေမကောင်း သည့်ကြားက ဖြေရှင်းရေသားခဲ့ဘူး၏။

Continue reading

မြတ်စွာဘုရား၏မဟာပုရိသလက္ခဏာ ၃၂ ပါး

မြတ်စွာဘုရားသည် သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်း၌ သီတင်းသုံးနေစဉ် ရဟန်းတို့အား ယောက်ျားမြတ်တို့၏ လက္ခဏာ (၃၂) ပါးဖော်ပြသည့် လက္ခဏသုတ်ကို ဟောကြားတော်မူပါသည်။ ဤသို့ ယောက်ျားမြတ်တို့၏ လက္ခဏာနှင့်ပြည့်စုံသော ယောက်ျားသည် လူ့ဘောင်၌နေခဲ့သော် စကြ၀တေးမင်း၊ ရဟန်းပြုခဲ့သော် ဘုရားဖြစ်မည်ဟူသော အလားအလာနှစ်ပါးမှတစ်ပါး အခြားအလားအလာမရှိဟု မိန့်တော်မူပါသည်။ ဤလက္ခဏာများရရှိခြင်းသည် ရှေးကာလ၊ ရှေးဘ၀တို့၌ လူဖြစ်စဉ်အခါက ကောင်းမှုကုသိုလ်ကံများကို ပြုခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ လက္ခဏာ (၃၂) ပါး ကို ဖော်ပြရာ၌ ဤသို့ရရှိသည့်အကြောင်းဖြစ်သော ကုသိုလ်ကံတို့ကို ယှဉ်တွဲဖော်ပြအပ်ပါသည်။

Continue reading

စကြ၀ဠာကိုဖန်ဆင်းတာ ဘုရားသခင် မဟုတ်ဘူးတဲ့လား

ဘုရား​သ​ခင်​သည်​ ​စ​ကြာ​ဝ​ဠာ​ ​တစ်​ခု​လုံး​အား​ ​ဖန်​ဆင်း​ခဲ့​သူ​ ​မ​ဟုတ်​ကြောင်း စ​တီ​ဖင် ​ဟော့​ကင်း​က​ ​အ​ခိုင်​အ​မာ​ ​ပြော​ကြား​လိုက်​သည်​။ ​ဘာ​သာ​ရေး​ ​အယူ​အ​ဆ​များ​ကို​ ​ဆန့်ကျင်​သည့်​ ​အ​ဆို​အား​ ​ဗြိ​တိန်​၏​ ​အ​ကျော်​ကြား​ဆုံး​ ​သိ​ပ္ပံ​ပ​ညာ​ရှင်​ကြီး​က ၎င်း​၏​ ​ရောင်း​အား​အ​ကောင်း​ဆုံး​ ​စာ​ရင်း​ဝင်​ The​ Grand​ Design စာ​အုပ်​တွင်​ ​ရေး​သား​ဖော်​ပြ​ခဲ့​သည်​။

ကမ္ဘာကျော်သိပ္ပံပညာရှင် စတီဖင် ဟော့ကင်း

ဟော့ကင်း​က​ ​ခေတ်​သစ်​ရူ​ပ​ဗေ​ဒ​တွင်​ ​ဖန်ဆင်းရှင်​ဆို​သော​ ​ဝေါ​ဟာ​ရ​အ​တွက်​ ​နေ​ရာ​မ​ရှိ​ဟု​ ​ဝေဖန်​သုံး​သပ်​ထား​သည်။ မိ​မိ​တို့ ​အ​သက်​ရှင်​ ​ရပ်​တည်​နေ​ခြင်း​၊​ ​စ​ကြာ​ဝ​ဠာ​ကြီး​ ​တည်​ရှိ​နေ​ခြင်းသည်​ ​အ​လို​အ​လျောက်​ ​ပေါ်​ပေါက်​လာ​သည်​ ဆိုသော​ ကိ​စ္စ​သာ​ ​မှန်​ကန်​သော​ ​အ​ကြောင်း​ရင်း​ဖြစ်​ကြောင်း​ ​ဟော့ကင်းက​ ​ပြော​ကြား​ထား​သည်​။ ​ယင်း​စာ​အုပ်​ကို​ ​အမေ​ရိ​ကန်​ ​ရူ​ပ​ဗေ​ဒ​ ​ပ​ညာ​ရှင်​ ​လီ​ယို​နက်​ မို​လို​ဒီ​နို​က​ ပူး​ပေါင်း​ကူ​ညီ​ ​ရေး​သား​ခဲ့​သည်​။

အ​သက်​ ​၆၈​ ​နှစ်​ရှိ​ ​ဟော့​ကင်း​သည်​ ​ဘု​ရား​သ​ခင်​အ​ပေါ်​ ​ယုံ​ကြည်​ခြင်း​ ​ရှိ​မ​ရှိ​ဆို​သော​ ​အ​ချက်​အား​ ​အ​မြဲ​တမ်း​ ​ရှောင်လွှဲ​ဖြေ​ဆို​လေ့​ ​ရှိ​သော်​လည်း​ ​ယခု​ဖော်​ပြ​ချက်​က​ ​ဘာ​သာ​ရေး​အ​ရ​ ​တိုက်​ခိုက်​မှု​တစ်​ခု​ဟု​ ယူ​ဆ​ဖွယ်​ရာ​ ​ဖြစ်​လာ​သည်​။

Continue reading

ဗုဒ္ဓ၀ါဒီတွေ နတ်ကိုးကွယ်ရင်

နတ်ကိုးကွယ်သည့် မိဘများနှင့် ပတ်သက်ပြီး တကာတစ်ဦး၏အမေးကို ဆရာတော်တစ်ပါးက အောက်ပါအတိုင်း ဖြေကြားထားပါသည်။

မူရင်း စာမျက်နှာကတော့ http://www.burmeseclassic.com/dammaQA.php [မေးခွန်းအမှတ် ၁၆၂] ဖြစ်ပါသည်။

ဖြေ – အရှင်ကေလာသ၊ ဓမ္မာစရိယ၊ B.A (Philo) M.A (Buddhism)

နတ်ကိုးကွယ်မှု၏အစ

အသိပညာမထွန်းကားခင်က ရှေးဦးလူတွေဟာ ငလျင်၊ မိုးကြိုး၊ မုန်တိုင်းစတဲ့ သဘောဝဘေးအန္တရာယ်တွေနဲ့ ကြုံတဲ့အခါ ကြောက်စိတ်ကြောင့် အားကိုးရာရှာကြရင်းနဲ့ သစ်ပင်၊ တော၊ တောင်၊ နတ်ကွန်းတွေမှာ စူပါတန်ခိုးနဲ့ပြည့်စုံတဲ့ စိုးပိုင်သူရှိမယ်လို့ မှန်းဆပူဇော်ပသရင်း ကိုးကွယ်မှုစတင်ခဲ့ကြောင်း ဗုဒ္ဓကျမ်းမြတ်မှာဆိုတယ်။ (ဓမ္မပဒ၊ ၁၈၈ ဂါထာ)။ တဖြည်းဖြည်း ဒေသဆိုင်ရာ တန်ခိုးရှင် အငယ်စားတွေ၊ နယ်ပိုင် မြို့ပိုင်တန်ခိုးရှင်တွေ၊ ကမ္ဘာလောကကို ဖန်ဆင်းသူတွေအထိ ကိုးကွယ်ခံတန်ခိုးရှင်တွေကို စိတ်ကူးပုံဖော်ခဲ့ကြတယ်။ ဒါကြောင့် ဗုဒ္ဓ၀ါဒ ဒဿနအရ ကိုးကွယ်မှုအစ ကြောက်စိတ်ကလို့ ဆိုနိုင်တယ်။ မေးခွန်းမှာပါတဲ့ “နတ်” ဆိုတာကို လူတွေရဲ့ ကောင်းကျိုး ဆိုးကျိုးတွေ ဖြစ်ပေါ်အောင် လုပ်ပေးနိုင်တယ်လို့ လူ့နှလုံးသားထဲမှာ သမိုင်းမတင်မီခေတ်ကပင် စွဲနေတဲ့ ဖော်ပြပြီး တန်ခိုးရှင်မျိုးလို့ပဲ နားလည်ပါရစေ။ ဗုဒ္ဓကျမ်းဂန်မှာပါတဲ့ နတ်ပြည်ခြောက်ထပ်က နတ်အယူအဆနဲ့ မတူဘူးလို့ မှတ်ထားဖို့ပါ။

Continue reading

Follow

Get every new post delivered to your Inbox.