• Visits

    • 9,522
  • ဝေဖန်အကြံပြုလိုပါက

    ဝိမုတ္တိသုခနှင့် ပတ်သက်ပြီး ဝေဖန်အကြံပြုလို၍ဖြစ်စေ၊ မိမိကိုယ်တိုင် ပါဝင်ရေးသားလို၍ ဖြစ်စေ vsukha@gmail.com အီးမေးလ် လိပ်စာသို့ စာရေးသားဆက်သွယ်နိုင်ကြပါသည်။

    ဝိမုတ္တိသုခသည် စာဖတ်ပရိသတ်တို့အတွက် ကောင်းသည်ထက် ကောင်းအောင် အထူးကြိုးစားတင်ဆက်နေပါသည်။ ပရိသတ်တို့၏ တုံ့ပြန်သံသည် ရှေ့ခရီးဆက်ရေးအတွက် မရှိမဖြစ်လိုအပ်သည့် လောင်စာဖြစ်ပါသည်။

    သို့ဖြစ်ပါ၍ ပို့စ်တစ်ခုချင်းစီအလိုက် ဝေဖန်အကြံပြုချက်များ ရေးသားခြင်း၊ ဆန္ဒသဘောထား တောင်းခံထားသည့် ပို့စ်များတွင် မိမိ၏အမြင်ကို မဲဆန္ဒပေးခြင်းတို့ဖြင့် ပူးပေါင်းပါဝင်ကူညီကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။

    အညတရ
    ဝိမုတ္တိသုခအား တည်ထောင်သူ

  • Categories

ရွှေချိန်ခွင်စာအုပ်ပါစွပ်စွဲချက်များအပေါ် လယ်တီဆရာတော်၏ ပြန်ဖြေရှင်းချက်

မြင့်မိုရ်တောင်နှင့် သဒ္ဓါပညာ တူမျှစေဖို့

လယ်တီဆရာတော်တို့ ခေတ်က ဝန်ထောက်မင်း ဦးစောလှဖြူဆိုသော ခရစ်ယာန်ဘာသာဝင် တစ်ယောက်သည် ရွှေချိန်ခွင်အမည်ရှိစာအုပ်တစ်အုပ် ထုတ်ဝေကာ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာကို နှိုင်းယှဉ်ပြခဲ့၏။ သို့ရာတွင် သူ၏ ဘက်လိုက်သော အမြင်များ၊အလျင်စလို ကောက်ချက်ချမှုများေ ကြာင့် ဗုဒ္ဓဘာသာဝင်တို့အား စော်ကားထားသလို ဖြစ်ခဲ့၏။ ထို့ကြောင့် မန္တလေးမြို့နေ ပညာဝန်ထောက် မောင်ကျော်ရန်ဆိုသူက ၎င်းရွှေချိန်ခွင်စာအုပ်ကို ရှင်းလင်းချက် ရေးပေးပါရန်လယ်တီဆရာတော်ထံ တောင်းပန်သဖြင့် Continue reading

စကြဝဠာကိုဖန်ဆင်းတာ ဘုရားသခင် မဟုတ်ဘူးတဲ့လား

The_Bullet_Cluster
ဘုရားသခင်သည် စကြာဝဠာ တစ်ခုလုံးအား ဖန်ဆင်းခဲ့သူ မဟုတ်ကြောင်း စတီဖင် ဟော့ကင်းက အခိုင်အမာ ပြောကြားလိုက်သည်။ ဘာသာရေး အယူအဆများကို ဆန့်ကျင်သည့် အဆိုအား ဗြိတိန်၏ အကျော်ကြားဆုံး သိပ္ပံပညာရှင်ကြီးက ၎င်း၏ ရောင်းအားအကောင်းဆုံး စာရင်းဝင် The Grand Design စာအုပ်တွင် ရေးသားဖော်ပြခဲ့သည်။ Continue reading

မြင့်မိုရ်တောင်နှင့် သဒ္ဓါပညာ တူမျှစေဖို့

အရှင်သုနန္ဒာလင်္ကာရ
ဟိုတနေ့က အွန်လိုင်းမှာ ဒကာတစ်ယောက်က လျှောက်ထားတယ်၊ မြင့်မိုရ်တောင် တကယ်ရှိနိုင်ပါ့မလား တဲ့၊ တကယ်သိချင်လို့ မေးတာ လို့ပဲ ခံယူလိုက်ပါတယ်၊ စာရေးသူကလည်း ဖြေလိုက်တယ်၊ ကိုယ်တိုင်တော့ မမြင်ဖူးသေးပါ၊ သို့သော်လည်း ဈာန် မဂ်ဖိုလ်တွေကို ရအောင် ကျင့်ကြံအားထုတ်ပြီးရင်တော့ ဘယ်သူမဆို မြင်နိုင်ပါလိမ့်မယ်၊ အဲဒီလို ပေါက်မြောက်ပြီး ရှိတယ် လို့ ပြောဆိုတဲ့ ဘုရား ရဟန္တာတွေ စာပေမှာ အမြောက်အမြား ရှိခဲ့ပါတယ် လို့ ဖြေလိုက်ရော “ဟုတ်မှာပါလေ” တဲ့၊ သူ့စကားသံက ကျေနပ်သံတော့ မပေါ်သေးဘူး ထင်ပါတယ်၊ တကယ်တော့ ကိုယ်တိုင် မကျင့်ပဲ မြင်ချင်နေကြတဲ့ လူတွေပါလား လို့ ကရုဏာသက်မိတယ်၊
သူ့မေးခွန်းက ပြီးသွားပေမယ့် မပြီးနိုင်တာက ကိုယ်တိုင်ပါပဲ။ ဗုဒ္ဓဘာသာမှာက ကိုယ်တိုင် စိတ်ဝင်စားလို့ ကျင့်ချင်ရင် ကျင့်၊ မကျင့်လိုရင် နေပါ လို့ ဖွင့်ပေးထားတယ်၊ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဟာ ဘုရားရှိခိုးသည်ဖြစ်စေ၊ ရှိမခိုးသည်ဖြစ်စေ၊ ဘယ်သူမှ အတင်းအကျပ် မခိုင်းကြပါဘူး၊ ဒါကြောင့် စာရေးသူတို့ဝါဒကို ဒီမိုကရေစီဝါဒ လို့လဲ သတ်မှတ်ကြတယ်၊ နောက်ဆုံး ကုန်ကုန်ပြောရရင် လူသားရဲ့ စဉ်းစားတတ်တဲ့ ဦးနှောက်ရော၊ အသိဥာဏ်ကိုပါ စိတ်ကြိုက်တွေးခေါ်နိုင်ဖို့ open mind, open eyes, open brain ပေါ့၊ စိတ်ကြိုက်လေ့လာပါ၊ စိတ်ကြိုက် တွေးခေါ်ပါ၊ ပြီးရင် ကောင်းတာ လိုချင်တာကို သိမ်းထားပြီး မကောင်းတာတွေကို လွှင့်ပစ်လိုက်ပါ။ Continue reading

ဗုဒ္ဓဟောကြားသည့် “မငြိမ်မလှုပ်ကူးနည်း”

တစ်ခါတုန်းက မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းမှာ သီတင်းသုံးနေတဲ့အချိန် ညတစ်ည သန်းခေါင်ယံအချိန်မှာ ရူပဗြဟ္မာတစ်ဦးက မြတ်စွာဘုရားဆီကို လာပြီး မေးခွန်းမေးပါတယ်။
“မြတ်စွာဘုရား…သြဃလေးဖြာ သံသရာတည်းဟူသော သမုဒ္ဒရာကို တစ်ဖက်ကမ်းရောက်အောင် ဘယ်လိုကူးခဲ့ပါသလဲဘုရား။”
“ဒါယကာ….ငါဟာ ငြိမ်ပြီးလည်း မကူးဘူး၊ လှုပ်ပြီးလည်း မကူးဘူး၊ မငြိမ်မလှုပ် သံသရာတစ်ဖက်ကမ်းကို ကူးခဲ့တာ”
မြတ်စွာဘုရားရှင်က မငြိမ်မလှုပ်ကူးခဲ့တာဆိုတော့ ရူပဗြဟ္မာက နားမလည်တော့ပါဘူး။ ရူပဗြဟ္မာက မြတ်စွာဘုရားဆီကို မာနလေးနဲ့ လာတာပါ။ သူက ဘယ်လိုအတွေးရှိသလဲဆိုတော့ “ငါ့အနေနဲ့  မြတ်စွာဘုရား သြဃလေးပါးက လွန်မြောက်ပြီးပြီဆိုတာလည်း သိထားတယ်။ သြဃလေးပါးက ဘာတွေလဲ ဆိုတာလည်း သိထားတယ်။ ကူးနည်းလေးသိဖို့ ပဲ လိုတော့တယ်” လို့  အတွေးမာနရှိနေတာပါ။ Continue reading

ဗုဒ္ဓဘာသာအမေးအဖြေများ

3905257

ဒီစာအုပ်က ဘာသာပြန် စာအုပ်ပါ… မူရင်းစာအုပ် Good Questions Good Answers အင်္ဂလိပ်စာအုပ်ကို ရေးသားသူက သြစတြေးလျ နိုင်ငံသား ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး အရှင် သာဝတ္ထိ ဓမ္မိက (Ven. Shravasti Dhammika) ပါ။ ချမ်းမြေ့ဆရာတော်ဘုရားက မြန်မာလို ဘာသာပြန်ပေးထားပြီး စာအုပ်ကို ၁၉၉၃ခုနှစ် မှာ ထုတ်ဝေခဲ့ပါတယ်။ ဆရာတော်ပြောပုံအရကတော့ ဒီစာအုပ်မထုတ်မီ မြတ်မင်္ဂလာ စာစောင်မှာ ဒီစာအုပ်ကိုပဲ ပညာရှင် တစ်ဦးက ဘာသာပြန်ပြီး အခန်းဆက်အဖြစ် ဖေါ်ပြဖူးပါတယ်။

ဒီမှာဖော်ပြထားတဲ့အမေးအဖြေတွေဟာ အကုန်မဟုတ်သေးပါဘူး။ အဲဒီ အမေးအဖြေအားလုံးဖတ်ချင်ရင်တော့ ဟောဒီ မှာ အင်္ဂလိပ်လိုသွားရောက်ဖတ်ရှုနိုင်ပါတယ်။

မေး – ဗုဒ္ဓဘာသာဆိုတာ ဘာလဲ။ Continue reading